Quantcast
Channel: တကူ သားေလး ရဲ႕ နည္းပညာ စုစည္းမွဳ
Viewing all articles
Browse latest Browse all 393

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) / ရန္ကုန္၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)

$
0
0
အခြေခံစားသောက်ကုန်များကို ကုန်သည်စက်မှု အသင်းချုပ်က သက်သာသော နှုန်းထားဖြင့် ရောင်းချပေးမည်
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)
ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများပူးပေါင်း၍ အခြေခံစားသောက်ကုန်များကိုသက်သာသောနှုန်းထားဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်က ယနေ့ မတ် ၂၆ ရက် တွင် သတင်းထုတ်ပြန်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သည် ညီနောင်အသင်းများဖြစ်ကြသည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီတို့နှင့် ပူးပေါင်း၍ ယနေ့ မတ် (၂၆) ရက်ညနေပိုင်း၌ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးရှေ့တွင် အခြေခံစားသောက်ကုန်များကို သက်သာသောနှုန်းထားဖြင့် လှိုင်သာယာမြို့နယ်အတွင်းရှိ ပြည်သူများသို့ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အခြားစက်မှုဇုန်များတည်ရှိရာ မြို့နယ်များသို့လည်း လာမည့်ရက်များအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ ဆက်လက်လှည့်လည်ရောင်းချမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
ယင်းသို့လှည့်လည်ရောင်းချခြင်းဖြင့် လတ်တလော COVID-19 အရေးကြောင့် အများပြည်သူ ဝယ်ယူစားသုံးနေသည့် အခြေခံစားသောက်ကုန်များ ဈေးကွက်အတွင်း ပြတ်လပ်ခြင်း မရှိစေရန်နှင့် ဈေးနှုန်း ကြီးမြင့်ခြင်းမရှိစေရန်အတွက် ညှိနှိုင်းထိန်းသိမ်းရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဒေသတွင်းဖွင့်လှစ်ရောင်းချနေသည့် အိမ်ဆိုင်များ၊ လက်လီ၊ လက်ကားလုပ်ငန်းများ ထိခိုက်မှုမရှိစေရန် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)
----------------------------------------
(Zawgyi Version)
အေျခခံစားေသာက္ကုန္မ်ားကို ကုန္သည္စက္မႈ အသင္းခ်ဳပ္က သက္သာေသာ ႏႈန္းထားျဖင့္ ေရာင္းခ်ေပးမည္
ရန္ကုန္၊ မတ္ ၂၆ ရက္ (ဆင္ဟြာ)
ကုန္သည္စက္မႈအသင္းခ်ဳပ္ႏွင့္ ညီေနာင္အသင္းမ်ားပူးေပါင္း၍ အေျခခံစားေသာက္ကုန္မ်ားကိုသက္သာေသာႏႈန္းထားျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ကုန္သည္စက္မႈအသင္းခ်ဳပ္က ယေန႔ မတ္ ၂၆ ရက္ တြင္ သတင္းထုတ္ျပန္သည္။
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္သည္ ညီေနာင္အသင္းမ်ားျဖစ္ၾကသည့္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္၊ ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္း၊ ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္း၊ လႈိင္သာယာစက္မႈဇုန္ စီမံခန႔္ခြဲေရးေကာ္မတီတို႔ႏွင့္ ပူးေပါင္း၍ ယေန႔ မတ္ (၂၆) ရက္ညေနပိုင္း၌ လႈိင္သာယာစက္မႈဇုန္ စီမံခန႔္ခြဲေရးေကာ္မတီ႐ုံးေရွ႕တြင္ အေျခခံစားေသာက္ကုန္မ်ားကို သက္သာေသာႏႈန္းထားျဖင့္ လႈိင္သာယာၿမိဳ႕နယ္အတြင္းရွိ ျပည္သူမ်ားသို႔ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ အျခားစက္မႈဇုန္မ်ားတည္ရွိရာ ၿမိဳ႕နယ္မ်ားသို႔လည္း လာမည့္ရက္မ်ားအတြင္း သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ ညႇိႏႈိင္း၍ ဆက္လက္လွည့္လည္ေရာင္းခ်မည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္ထဲတြင္ပါရွိသည္။
ယင္းသို႔လွည့္လည္ေရာင္းခ်ျခင္းျဖင့္ လတ္တေလာ COVID-19 အေရးေၾကာင့္ အမ်ားျပည္သူ ဝယ္ယူစားသုံးေနသည့္ အေျခခံစားေသာက္ကုန္မ်ား ေဈးကြက္အတြင္း ျပတ္လပ္ျခင္း မရွိေစရန္ႏွင့္ ေဈးႏႈန္း ႀကီးျမင့္ျခင္းမရွိေစရန္အတြက္ ညႇိႏႈိင္းထိန္းသိမ္းရန္ ရည္႐ြယ္ျခင္းျဖစ္ၿပီး ေဒသတြင္းဖြင့္လွစ္ေရာင္းခ်ေနသည့္ အိမ္ဆိုင္မ်ား၊ လက္လီ၊ လက္ကားလုပ္ငန္းမ်ား ထိခိုက္မႈမရွိေစရန္ စီစဥ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ပါရွိသည္။ (Xinhua)


Viewing all articles
Browse latest Browse all 393

Trending Articles