Quantcast
Channel: တကူ သားေလး ရဲ႕ နည္းပညာ စုစည္းမွဳ
Viewing all articles
Browse latest Browse all 393

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) / ေပက်င္း၊ မတ္ ၂၇ ရက္ (ဆင္ဟြာ)

$
0
0
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေး တည်ငြိမ်စေရန် ပါဝင်သွားမည်ဟု သမ္မတ ရှီကျင့်ဖိန် ပြောကြား
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒမြှင့်တင်ရန်၊ ဈေးကွက်အခွင့်အလမ်း ချဲ့ထွင်ရန်၊ စီးပွားရေး ပတ်ဝန်းကျင် တိုးတက်ရန်နှင့် သွင်းကုန်များနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန် ဆက်လက်လုပ်ဆောင်ခြင်းဖြင့် တည်ငြိမ်သောကမ္ဘာ့စီးပွားရေး ဖြစ်လာစေရန် ပါဝင်သွားမည်ဟု သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
သမ္မတ ရှီသည် COVID-19 ဆိုင်ရာ G20 ခေါင်းဆောင်များ အထူးအစည်းအဝေးကို အွန်လိုင်း ဗီဒီယိုရုပ်သံ မှတစ်ဆင့် ပါဝင် တက်ရောက်ဆွေးနွေးစဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံက နိုင်ငံတကာဈေးကွက်သို့ ထိရောက်သော ဆေးဝါးဆိုင်ရာပစ္စည်းများ၊ နေ့စဉ်မရှိမဖြစ် လိုအပ်ချက်များ၊ ကူးစက်ရောဂါကာကွယ်ရေးနှင့် အခြား အထောက်အပံ့ပစ္စည်းများ စသည့်ပံ့ပိုးမှုများကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း ရှီက ထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေးဆိုင်ရာ မူဝါဒတစ်ခုကို ဆက်လက်ဖော်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သမ္မတ ရှီက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
………………………………………………
(Zawgyi Version)
တ႐ုတ္ႏိုင္ငံအေနျဖင့္ ကမာၻ႔စီးပြားေရး တည္ၿငိမ္ေစရန္ ပါဝင္သြားမည္ဟု သမၼတ ရွီက်င့္ဖိန္ ေျပာၾကား
ေပက်င္း၊ မတ္ ၂၇ ရက္ (ဆင္ဟြာ)
တ႐ုတ္ႏိုင္ငံအေနျဖင့္ ျပဳျပင္ေျပာင္းလဲေရးႏွင့္ တံခါးဖြင့္ဝါဒျမႇင့္တင္ရန္၊ ေဈးကြက္အခြင့္အလမ္း ခ်ဲ႕ထြင္ရန္၊ စီးပြားေရး ပတ္ဝန္းက်င္ တိုးတက္ရန္ႏွင့္ သြင္းကုန္မ်ားႏွင့္ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈ တိုးခ်ဲ႕ရန္ ဆက္လက္လုပ္ေဆာင္ျခင္းျဖင့္ တည္ၿငိမ္ေသာကမာၻ႔စီးပြားေရး ျဖစ္လာေစရန္ ပါဝင္သြားမည္ဟု သမၼတ ရွီက်င့္ဖိန္က ေျပာၾကားခဲ့သည္။
သမၼတ ရွီသည္ COVID-19 ဆိုင္ရာ G20 ေခါင္းေဆာင္မ်ား အထူးအစည္းအေဝးကို အြန္လိုင္း ဗီဒီယို႐ုပ္သံ မွတစ္ဆင့္ ပါဝင္ တက္ေရာက္ေဆြးေႏြးစဥ္ အထက္ပါအတိုင္း ထည့္သြင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
တ႐ုတ္ႏိုင္ငံက ႏိုင္ငံတကာေဈးကြက္သို႔ ထိေရာက္ေသာ ေဆးဝါးဆိုင္ရာပစၥည္းမ်ား၊ ေန႔စဥ္မရွိမျဖစ္ လိုအပ္ခ်က္မ်ား၊ ကူးစက္ေရာဂါကာကြယ္ေရးႏွင့္ အျခား အေထာက္အပံ့ပစၥည္းမ်ား စသည့္ပံ့ပိုးမႈမ်ားကို တိုးျမႇင့္သြားမည္ ျဖစ္ေၾကာင္း ရွီက ထိပ္သီးအစည္းအေဝး၌ ေျပာၾကားခဲ့သည္။
ထို႔ျပင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ဘ႑ာေရးမူဝါဒႏွင့္ ေငြေၾကးဆိုင္ရာ မူဝါဒတစ္ခုကို ဆက္လက္ေဖာ္ေဆာင္သြားမည္ ျဖစ္ေၾကာင္းလည္း သမၼတ ရွီက ထည့္သြင္းေျပာၾကားခဲ့သည္။ (Xinhua)


Viewing all articles
Browse latest Browse all 393

Trending Articles